preloader

Heavenly Delusion

By: Pain Organization

Link Count: 26

Plot Summary

ဒီဂျပန်ကာတွန်းက​တော့ သပွတ်အူဇာတ်လမ်းမျိုးကိုကြိုက်တဲ့လူ​တွေအတွက် အထူးသင့်​လျော်ပါတယ်။ ပြီး​တော့ promise neverlandတို့၊ aotတို့လို vibeမျိုးလည်း နည်းနည်းရတယ်ဗျ။ (တူတယ်​ပြောတာမဟုတ်ဘူး​နော်။ တံတိုင်းကာထားတာတို့၊ ​က​လေး​တွေကို သင်ကြားတာတို့မှာတူတာပါ)။ ပြီး​​တော့ ဇာတ်လမ်းအစပိုင်း​တွေမှာ မြို့ပျက်ကြီးထဲ နှစ်​ယောက်ထဲ​လျှောက်သွား​နေပုံကလည်း the last of usတို့ဘာတို့ကို​ပြေးမြင်တယ်ဗျ။ မူလ မန်ဂရုပ်ပြကို​တော့ ဆရာMasakazu Ishiguroက ​ရေးဆွဲခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်ကတည်းက ထွက်ရှိခဲ့တာပါ။ အတွဲ (volume) ၈တွဲအထိထွက်ရှိထားပြီး ဆက်လက်ထွက်ရှိ​နေတုန်းပါ။ Animeထွက်ထားသ​လောက် ဇာတ်လမ်းကို​ပြောရရင်​တော့ ပြိုပျက်ခြင်းဆိုတဲ့ကပ်ဆိုးကြီးအပြီးမှာ ​တံတိုင်းပတ်လည်ကာထားတဲ့ ကျောင်း​တော်ကြီးတစ်ခုက Mimihimeဆိုတဲ့​ကောင်မ​လေးဟာ တံတိုင်းရဲ့အပြင်ဘက်မှာ ကမ္ဘာတစ်ခုရှိ​နေတာကိုရိပ်မိလာခဲ့ပါတယ်။ ထို့အတူပဲ Tokioဆိုတဲ့တစ်​ယောက်ဟာလည်း အတန်း​စာ​မေးပွဲ​ဖြေ​နေစဥ်မှာ အပြင်ရဲ့အပြင်ကိုထွက်ကြည့်ချင်လားဆိုတဲ့စာတစ်​စောင်​​ရောက်လာခဲ့ပါတယ်။ အပြင်ဆိုတာရှိလားလို့ ​ကျောင်းရဲ့ညွှန်ချုပ်ကို​မေးကြည့်လိုက်တဲ့အခါမှာ​တော့ အပြင်​လောကဆိုတာရှိပြီး အလွန်စက်ဆုပ်ဖို့​ကောင်းတဲ့ မ​ကောင်းဆိုးဝါး​တွေနဲ့ပြည့်​နေတာပါလို့ ပြန်​ဖြေပါ​တော့တယ်။ အပြင်ဘက်​လောကထဲမှာ​တော့ Tokioနဲ့ရုပ်ချင်းတူတဲ့ Maruဆိုတဲ့ဘဲ​လေးဟာ Kirukoဆိုတဲ့​​​​စော်​လေးကို ​ဘော်ဒီဂတ်ငှားပြီး ​ကောင်းကင်ဘုံဆိုတဲ့​နေရာကိုလိုက်ရှာ​နေတာပါ။ Maruဆီမှာလည်း ​ဆေးထိုးအပ်နဲ့​ဆေးတစ်မျိုးရှိ​နေပြီး Maruနဲ့ရုပ်တူတဲ့လူကို​တွေ့တာနဲ့ ထိုး​ပေးဖို့ပါညွှန်ကြားခံထားရပါတယ်။ အဲ့လိုနဲ့မြို့ပျက်ကြီးအတိုင်းဖြတ်သန်းပြီး ခရီးထွက်လာ​ရင်းနဲ့ ထူ းဆန်းတဲ့တည်းခိုခန်းကို​ရောက်ရှိသွားတဲ့အခါမှာ​တော့….. Spoiler ………… သိမ်းငှက်သူရဲ​ကောင်းသိုင်းကားကြိုက်သူများအတွက် ဂူးဂူးနဲ့သစ်ပင်​အောက်ကဇာတ်ဝင်ခန်းလိုမျိုး ဇာတ်ဝင်ခန်းလည်း ​နောက်ပိုင်းပါပါတယ်။ အသဲမခိုင်သူများကြည့်မိမှာစိုးလို့ပါ 😁

Anime Detail

Date of release: 2023

Status: FINISHED

Genre: Comedy ,

Scores: 8.2

Views:

Top Rated Manga